Women Empowerment for Lively leaders (WELL) Batch 2

Home / News / Women Empowerment for Lively leaders (WELL) Batch 2

မင်္ဂလာပါရှင်
Triangle Women’s Support Group မှ နှုတ်ခွန်းဆက်သပါတယ်။
ကျမတို့ Triangle Women’s Support Group မှ အမျိုးသမီးများ ခေါင်းဆောင်မှု အရည်အသွေး မြင့်မားလာစေရန်၊ ဆုံးဖြတ်ချက်ချသည့် ကဏ္ဍတိုင်းတွင် အရည်အချင်း ပြည့်ဝသော အမျိုးသမီးများပါဝင်လာရန် နှင့် ဒီမိုကရေစီနိုင်ငံတော်သစ်တွင် ဥပဒေပြုရေး နှင့် နိုင်ငံရေး အခန်းကဏ္ဍများ၌ အမျိုးသမီးများ ပိုမိုပါဝင်လာစေရန်ရည်ရွယ်၍ Women Empowerment for Lively leaders ( WELL) ဖွင့်လှစ်သင် ကြားပေးလျှက်ရှိနေပါသည်။

ယခု Women Empowerment for Lively leaders (WELL) အမျိုးသမီးခါင်းဆောင်မှုသင်တန်း အပတ်စဉ် (၂) ကို  ၂၀၁၇ ခုနှစ် ဇွန်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်း မော်ဂျူး တစ်ခုလျှင် ရက်သတ္တပတ် (၁) ပတ်ကြာ မော်ဂျူး(၂) ခု ဖွင့်လှစ်သင်ကြားသွားမည်။ မော်ဂျူးတစ်ခုနှင့် တစ်ခု ကြားတွင်  Assignmentများ လုပ်ဆောင်ရမည်။

WELL သင်တန်းတွင်

  • Leadership Skills, Concept and Theories
  • Federalism and Peace Strategies
  • Law Making Process
  • Gender/ Women Right/ Laws  and UNSCR 1325
  • Good Governance
  • Debate, Public Speaking, Presentation စသည့်ဘာသာရပ်များကို လေ့လာ သင်ယူရမည် ဖြစ်သည်။

ပညာရှင်များ၏ ဆွေးနွေးမှု အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ သင်တန်းပြီးဆုံးသွားသော်လည်း ဆက်လက်စောင့်ကြပ်မည့် Coaching /Mentoring အစီအစဉ်များ လည်းရှိပါသည်။

သင်တန်းလျောက်ရန်

သင်တန်းလျှောက်ထားရန်လိုအပ်ချက်များ

  • အသက် ၂၀ – ၄၅ နှစ်အတွင်းရှိ အမျိုးသမီးဖြစ်ရမည်။
  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
  • နိုင်ငံရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းများတွင် တတ်ကြွစွာပါဝင်လှုပ်ရှားနေပြီး ခေါင်းဆောင်မှု အတွေ့အကြုံရှိသူ များကို ဦးစားပေးရွေးချယ်သွားပါမည်။
  • သင်တန်းကာလကို အချိန်ပြည့် မပျက်မကွက်တက်ရောက်နိုင်သူဖြစ်ရမည်။
  • သင်တန်းမော်ဂျုးတစ်ခုနှင့်တစ်ခုကြားတွင် လေ့လာမှုများပြုလုပ်ရမည်။ ပေးအပ်သော တာဝန်ငယ် များ (Assignmentများ ) ကို လုပ်ဆောင်နိုင် ရမည်။
  • သင်တန်းမော်ဂျုးအားလုံး ပြီးမြောက်အောင်တတ်ရောက်ရမည်ဖြစ်ပြီးတက်ရောက်မှသာ သင်တန်းဆင်း လက်မှတ်ထုတ်ပေးမည်ဖြစ်သည်။
  • နောက်ထပ်တိုးချဲ့ သင်တန်းရှိပါကလည်း တက်ရောက်နိုင်ရမည်။

Women Empowerment for Lively leaders ( WELL) Application လျှောက်လွှာပုံစံကိုဖြည့်ပြီး ပါက  trianglewomengroup@gmail.com      သို့ အီးမေးလ်ဖြင့် ပေးပို့နိုင်ပါသည်။ ပေးပို့ပြီးပါက မသဲစုအေး  (၀၉၄၂၁၀၁၅၅၈၉) သို့ ရောက်မရောက် မေးမြန်းနိုင်ပါသည်။ လျှောက်လွှာများကို ၂၀၁၇ ခုနှစ် မေလ ၁၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရပါမည်။   အသေးစိတ် သိရှိလိုပါက ရုံးဖုန်း -၀၁ ၂၉၃၉၂၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရွေးချယ်ခံရသူများကို ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် အကြောင်းပြန်ကြားပေးပါမည်။

Leave a Comment